Thursday, 2024-11-21, 1:52 PM | Welcome Guest | Registration | Login
Main » 2010 » May » 1 » ပအိုဝ်း ၀တ်စုံ
9:08 AM
ပအိုဝ်း ၀တ်စုံ
အမျိုးသမီးဝတ်စုံ

ပအိုဝ်းအမျိုးသမီး
ပအိုဝ်းအမျိုးသမီး
          
          အမျိုးသားဝတ်စုံသည်ရှမ်းနှင့်တူသော်လည်း အမျိုးသမီး ဝတ်စုံမှာ ရှမ်းအမျိုးသမီးဝတ်စုံများနှင့် မတူပေ။  တစ်မှုထူး ခြားနေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် အဖဝိဇာ ၊ အမိနဂါးမှ ဆင်းသက်လာသည်ဟု ယုံကြည်ထားကြသဖြင့် ယခုထက် တိုင် ဆင်ယင်ထုံးဖွဲ့နေသော အမျိုးသမီး ၀တ်စားဆင်ယင် ပုံသည် နဂါး နှင့်တူလှပေသည်။
           ပအိုဝ်းအမျိုးသမီး ၀တ်စုံတွင် ခေါင်းပေါင်းအပါအ၀င် အင်ဂါ ငါးရပ်ရှိလေသည်။ အနက်ရောင် အပေါ် သင်တိုင် အ ကျီး၊ အကျီးလက်ရှဉ်အနက်၊ လက်မောင်းစွပ်အနက်၊ ထဘီးအနက်၊ ခြေသလုံးပတ်အနက် စသည်ဖြင့် အဆင်သင့်ဝတ်ဆင်ကြ သည်။ ခြေသလုံးမှ ခြေမျက်စိအထိ နှစ်ဘက်လုံးတွင် အနက်ရှိသော အ၀တ်ဖြင့် ပတ်ထားလေသည်။ ယင်း၏အထက်တွင် ထ ဘီးအနက်ကို ဒူးအောက်နားအထိလည်းကောင်း၊ လုံချည်အပေါ်တွင် သင်တိုင်းကိုထပ်ရ်ျ လည်းကောင်း၊ အပေါ်ဆုံးတွင် ခါးတို အကျီးကိုလည်းကောင်း၊  အဆင့်ဆင့်ဝတ်ဆင်ထားပေသည်။ ယင်းသို့ အထပ်ထပ် ၀တ်စားဆင်ယင်မှုသည် နဂါး၏ ကြေးခွံ အသွင်ကို ဆောင်သည်ဟု ဆိုလေသည်။ ဆံထိုးအ၀ိုင်းနှင့် အချွန်နှစ်ခုအနက် အချွန်းမှာနဂါး၏ အမောက်နှင့်တူးစေရန်ဖြစ်၏ အ၀ိုင်းမှာ ၏ မျက်စိနှင့်တူစေရန် ပင်ဖြစ်သည်။
           အမျိုးသမီးများ၏ ဦးခေါင်းထက်တွင် ဆံပင်ကို အလယ်တည့်တည့်တွင် လည်းကောင်း ၊ အနည်းငယ်စောင်းပြီး လည်းကောင်း ထုံးထားကြ၏။ ထိုသို့ ထုံးထားခြင်းမှာ ဘုရား တရားကို ဦးထိပ်ထားသည့် သဘောပင်ဖြစ်၏။ ဦးခေါင်းကို တဘက်ဖူးစောင်ဖြင့် ပေါင်းထားကြသည်။ ရှေးကမူ ပိုးထည်ကို သုံးကြ၏။ ပိုးထည်တဘက်ကို ပွဲလမ်းသဘင်များတွင်သာ ပေါင်းတတ်ကြသည်။ ထိုပိုးထည်တဘက်မှာ အရှည်ငါးတောင်ခန့်ရှိ၏။ ရှေးက အညိုရင့်ရောင် ကတ်တီပါတဘက်များကို လည်းကောင်း ၊ သိုးမွေးဖြင့် ရက်လုပ်ထားသော တဘက်ကို လည်းကောင်း သုံးခဲ့ကြသည်။ ယခုအခါ အဆင်အမျိုးမျိုးရှိ ပေါ်ပင်တဘက်များကို အသုံးပြုလေသည်။

s
ပအိုဝ်း လှပျိုဖြူ


           ဦးခေါင်းပေါ်တွင် ခေါင်းပေါင်းတဘက် ပေါင်းထားသည့်ပြင် ကတူးဆဲ့ ခေါ် ဆံထိုးနှစ်ခုကိုလည်း စိုက်ထိုးထားကြသည်။ တစ်ခုမှ ငှက်ပျောဖူးပုံသဏ္ဍန် ဆောင်ပြီး တစ်ခုမှာ လိမ်မော်သီးအရွယ်ရှိ အလုံးဖြစ်လေသည်။ ငှက်ပျောဖူးပုံသဏ္ဍန် ဆံထုံးကို မိခင်နဂါးမ၏ အမောက်သဖွယ် အဖြစ် လည်းကောင်း ၊ လိမ်မော်သီးလုံးပုံ ဆံထိုးကို နဂါးမ၏ မျက်လုံး အဖြစ် လည်းကောင်း ရည်ရွယ်ပြီး ဆင်ယင်ကြခြင်းဖြစ်လေသည်။ ဆံထိုးကို ပွဲလမ်းသဘင်ရှိသောအခါမှသာ ဆံထုံးတွင် ထိုးစိုက်ဆင်ယင်ကြသည်။ ဆံထိုးကို ပန်းခက်ပန်းနွယ်များဖြင့် ဖော်ထား၏။
           ရှေးက ငွေဆံထိုးကို ၀တ်ဆင်ကြ၏။ ငွေဆံထိုးမှာ အလေးချိန် ၂ ကျပ်သားခန့်ရှိသည်။ ငွေဆံထိုးကို ငွေကြေး မတတ်နိုင်သူများက ၀တ်ဆင်ကြသည်။ ယခုအခါတွင် ရွှေဆံထိုးများကိုသာ ၀တ်ဆင်ကြတော့၏။ ငှကပျောဖူးပုံသဏ္ဍန် ဆံထိုးအချွန် ရွှေအလေးချိန် ၃ ကျပ်သားမှ ၃ ကျပ်ခွဲအထိ ရှိလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ငှက်ပျောဖူးပုံသဏ္ဍန် ရှိသော ဆံထိုးကို ဆံထိုးရှည်ဟု လည်းကောင်း ၊ လိမ်မော်သီးလုံးပုံသဏ္ဍန်ရှိသော ဆံထိုးကို ဆံထိုးတို ဟုလည်းကောင်း ခေါ်လေသည်။ ဆံထိုးများကို ရွှေအနီရောင် တင်ထားလေသည်။
           ပအိုဝ်း အမျိုးသမီးများ၏နားတွင် ရွှေနားတောင်း ၊ ရွှေပြားလိပ်နားတောင်း တို့ကို ပန်ဆင်ထားကြ၏။ နားတောင်းကို ပအိုဝ်း တိုင်းရင်းသားတို့၏ ပေလာထူ ဟုခေါ်သည်။ ပေလာ ခေါ် နားတောင်းကို အချို့က ရွှေပြားဖြင့် ပြုလုပ်ပြီး အချို့က ရွှေပြားလိပ်သဏ္ဍန်အပွ ပြုလုပ်ကြ၏။ ရွှေပြားမှာ အလျား ၁ ပေခန့်ရှိပြီး အနံ ၁ လက်မခန့် ရှိလေသည်။ ရှေးအခါ အမျိုးသမီးများသည် ရွှေပြားလိပ်နားတောင်းကို ပန်ဆင်ကြ၏။ နားပေါက်ကျဉ်းသူများမှာ နားသန်သီးကိုသာ ပန်ဆင်ကြ၏။
             ပေလာထူ ခေါ် နားတောင်းကို ပြုလုပ်ကြသော ရွှေမှာ ပုရပိုက်ရွှေဖြစ်သည်။ နားတောင်း တစ်ဘက်လျှင် ၆ ကျပ်သားခန့် ရှိလေသည်။ အချို့က နားတောင်းအောက်တွင် နားသန်သီးကို ဆက်ဆွဲကြသေး၏။ နားသန်သီးမှာ ၂ ကျပ်သား ခန့ှ်ရှိလေသည်။ အချို့ ငွေကြေးချမ်းသာသူများမှာ နားတစ်ဘက်လျှင် နားသန်သီးသုံးခုအထိ ဆွဲတတ်ကြသည်။ ထို့ကြောင့် နားတောင်းက ခြောက်ကျပ်သား ၊ နားသန်သီးသုံးခုက ခြောက်ကျပ်သား ၊ ပေါင်း ၁၂ ကျပ်သားခန့် ဆွဲကြသည်။ လေးလံလွန်းသဖြင့် အနေအထိုင် ကျဉ်းကျပ်စေ၏။ သို့သော်လည်း မြတ်စွာဘုရား၏ တရားတော်ကို နားမှအစဉ်ပန်ဆင်သည့် သဘောဖြင့် အမြတ်တနိုးပန်ဆင်ကြသည်။
           
ထိုသို့ ရွှေလိပ်နားတောင်းများ ၊ နားသန်သီးများကို ၀တ်ဆင်ထားခြင်းသည် အနေအထိုင် ကျဉ်းကျပ်စေသဖြင့် ပေလိပ်သဏ္ဍန် အပွနားတောင်းကိုသာ ၀တ်ဆင်ကြတော့သည်။ အချို့မှာ နားရွက်အပေါက်ဟောင်းလောင်းဖြစ်နေသဖြင့် မြို့ပေါ် ဆေးရုံများသို့တက်ကာ ပြန်ချုပ်ကြ၏။
           
ရှေးက အမျိုးသမီးများသည် ငွေလက်ကောက်များကို ၀တ်ဆင်ကြ၏။ ငွေလက်ကောက်မှာ အလုံးရော အပြားပါ ရှိလေသည်။ ရှေးက လက်နှစ်ဘက်စလုံးတွင် တစ်လက်မခန်းရှိသော ငွေလက်ကောက်ကို ၀တ်ဆင်ကြသည်။ လက်တစ်ဘက်လျှင် လေးခုခန့် ၀တ်ဆင်ထားလေသည်။ ထို့ကြောင့် အမျိုးသမီးများ စပါးထောင်းလျှင် ငွေလက်ကောက်များ ထိခိုက်ပွတ်တိုက်သံကို ကြားနေရတတ်သည။ ယခုအခါ ငွေလက်ကောက် ၀တ်ဆင်ခြင်းကို မတွေ့ရတော့ချေ။ ငွေလက်ကောက်အစား ရွှေလက်ကောက်များ ၀တ်ဆင်လာသည်ကို တွေ့ရသည်။
           
ရှေးအခါက အမျိုးသမီးများသည် ခြေသလုံးအထက် ဒူးဆစ်အောက်နားတွင် တောင်ခံ ခေါ် ဘော်ခြေကျင်းများကို ၀တ်ဆင်ကြ၏။ တောင်ခံမှာ တစ်လက်မခန့်ရှိသော ငွေ (သို့) ဘော်ဖြင့်ပြုလုပ်ထားသော အကွင်းဖြစ်၏။ ထိုငွေကွင်းမှာ တစ်ကွင်းလျှင် ငါးမတ်သားမှ နှစ်ကျပ်သားခန့်အထိရှိ၏။ ထိုငွေကွင်းများကို ကြိုးဖြင့်သီကာ သတ်ဆင်ကြလေသည်။ ခြေတစ်ဘက်လျှင် ကြိုးဖြင့်သီထားသော ကွင်းတစ်ကွင်းမှ နှစ်ကွင်းအထိ သတ်ဆင်ကြ၏။ ယင်းခြေကျင်းများမှာ ခြေနှစ်ဘက်လျှင် နှစ်ပိသာမှ နှစ်ပိသာခွဲအထိ ရှိလေသည်။ တောင်ခံခေါ် ငွေခြေကျင်းများကို ၀တ်ဆင်ထားလျှင် လမ်းလျှောက်ရာ၌ လေးလံပြီး ခရီးကြန့်ကြာစေ၏။
           
ထို့ကြောင့် ခေတ်သစ်ပအိုဝ်းအမျိုးသမီးများသည် လေးလံလွန်းသောကြောင့် ၀တ်ဆင်ခြင်းမပြုကြတော့ပေ။ ငွေခြေကျင်းအစား ဒန်ခြေကျင်းနှင့် ဗိုလ်ပွားကြိုး ခေါ် ချည်ကြိုးကိုသာ ၀တ်ဆင်ကြတော့၏။ တောင်ခံကို ရှေးကျသော ကျေးရွာများ၌ လည်းကောင်း ၊ ပွဲလမ်းသဘင်ရှိသော အခါများ၌ လည်းကောင်း အချို့ဝတ်ဆင်နေကြပေသေးသည်။


(ယခု တွေ့ရှိရသော ပအိုဝ်းဓါတ်ပုံများကို Google Page မှ ရှာဖွေယူထားခြင်း ဖြစ်ပါသည်။ ဓါတ်ပုံပိုင်ရှင်များကို ဤနေရာမှ ဖော်ပြခွင့်ပေးပါရန် ခွင့်တောင်းဆိုအပ်ပါသည်။း) )


      
            
Category: ပအိုဝ်း အမျိုးသမီးဝတ်စုံ | Views: 9283 | Added by: Tinygirl | Rating: 0.0/0
Total comments: 0
Name *:
Email *:
Code *: