Sunday, 2024-05-19, 10:56 AM | Welcome Guest | Registration | Login
Main » 2010 » May » 1 » ပအိုဝ်း ၀တ်စုံ
9:10 AM
ပအိုဝ်း ၀တ်စုံ
အမျိုးသားဝတ်စုံ

po
ပအိုဝ်းအမျိုးသားများ
        
          အမျိုးသားများသည်ဘောင်းဘီပွ၊ အပေါ်အကျီတိုက်ပုံအင်းကျီးကိုဝတ်ဆင်ကြသည်။ ဘောင်ဘီမှာရှမ်းဘောင်းဘီနင့် တူလေသည်။ ရှေးက ပေါင်အောက်တွဲပြီး အလွန်ပွသောဘောင်းဘီကို ၀တ်ခဲ့ကြသည်။ ယခုခတ်တွင် သွားလာမှုလွယ်ကူစေရန် ဘောင်းဘီကိုခပ်ကျဉ်းကျဉ်း ဝတ်လာကြသည်ကို တွေ့ရသည်။ အတွင်းတွင် အဖြူရောင်ရှိသော ရှပ်အကျီကို အများဆုံးဝတ် ဆင်လာကြသည်။ အခြားအရောင်ကို ဝတ်ဆင်ခြင်းများ လည်းရှိပေသည်။ ခါးပတ်ပတ်ပြီး ကွမ်းအစ်ထည့်ထားသော လွယ်အိတ် ကိုလည်းကောင်း၊ ပလိုင်းပြားကိုလည်းကောင်း လွယ်လေ့ရှိကြသည်။

         ခေါင်းပေါင်းကိုလည်း ပေါင်းကြသည်။ ရှေးက ဖဲခေါင်းပေါင်းကို ၀တ်ဆင်ကြသည်။ အမျိုးသားများပေါင်းသော ခေါင်း ပေါင်းမှာ အရှည် ၁၀ တောင်မှ ၁၂ တောင် ခန့်အထိရှိလေသည်။ ယခုအခါ ရှေးကြသော လူကြီးအချို့နှင့် စာဟောဆရာများသာ ပေါင်းကြတော့သည်။ ယခုအခါ ခေါင်းပေါင်းအဖြစ် ဖူးစောင်များကို ပေါင်းကြသည်။ အနီ၊ အဝါ စသည့် ကွတ်ကျားအဆင်မျိုး ကိုနှစ်သက်ကြသည်။ အခြားအဆင်များ ကိုလည်း ဆင်ယင်သုံးစွဲ ကြလေသည်၊ ယခုအခါ အ၀ါရောင်ကို အများဆုံး နှစ်သက်အသုံးပြုကြသည် ကိုတွေ့ရသည်။ ခေါင်းပေါင်းစကို အောက်စိုက်ထားပြီး ပေါင်းလေ့ ရှိသည်။

          အမျိုးသားများသည် ပွဲလမ်းသဘင်သို့ သွားသောအခါ ဘော် (၀ါ) ငွေဖြင့် ပြုလုပ်ထားသော တစ်ပေခန့်ရှိသည့် ငွေဓါး လွယ်ကို ခါးပတ်တွင်ထိုးထားကြသည်။ ငွေဓါးလွယ်ဧ။် အရိုးကို ဆင်စွယ်ဖြင့် ပြုလုပ်ထားကြသည်။ ထိုငွေဓါးလွယ်ကို တိုက်ပုံ အကျီဧ။် အပြင်ဖက်တွင် ထုတ်ထားကြသည်။ အချို့မှာထိုငွေဓါးလွယ်ကို ပိုကြိုးအစီမ်းဖြင့် ကျစ်ပြီးချည်နှောင်ကာ ပခုံးတွင်သိုင်းကာ လွယ်ထားကြသည်။
Category: ပအိုဝ်း အမျိုးသားဝတ်စုံ | Views: 9369 | Added by: Tinygirl | Rating: 0.0/0
Total comments: 0
Name *:
Email *:
Code *: