Monday, 2024-05-06, 1:16 AM | Welcome Guest | Registration | Login
Main » ပအိုဝ်း အလှအပရေးရာ
          ပအိုဝ်းတိုင်းရင်းသားတို့သည် လက်ဝတ်ရတနာများကိုလည်း ၀တ်ဆင်ကြ၏။ အထူးသဖြင့် ပွဲလမ်းသဘင်များ ရှိသောအခါတွင် ပိုပြီးဝတ်ဆင်ကြသည်ကို တွေ့ရပေသည်။ ကျောက်နီ ၊ ပတ်တမြား စသည့်ရတနာများကို နှစ်ခြိုက်စွာ ၀တ်ဆင်ကြ၏။
          အမျိုးသမီးများသည် ရွှေလက်ကောက် ၊ ငွေလက်ကောက်များကို ပုံစံအမျိုးမျိုးဖြင့် ၀တ်ဆင်ကြသည်။ လက်စွပ်များကိုမူ အမျိုးသားရော ၊ အမျိုးသမီးများပါ ၀တ်ဆင်ကြသည်။ လက်စွပ်များကို တစ်ကွင်း ၊ နှစ်ကွင်းမှ သုံးကွင်းအထိ ၀တ်ဆင်ကြလေသည်။ ကြွားဝါသည်ဟု ဆိုနိုင်သော်လည်း စင်စစ်သော်ကား ၄င်းတို့၏ ယဉ်ကျေးမှုပင် ဖြစ်ပေသည်။ ပွဲလမ်းသဘင်များတွင် ရွှေထည် ၊ ငွေထည်များကို အများမြင်သာအောင် ၀တ်ဆင်ကြသော်လည်း ဓါးပြတိုက်မှုများ ၊ ခိုးမှုများ ပေါ်ပေါက်ခြင်းမရှိပေ။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် ရိုးသားဖြောင့်မတ်ကြသည် ဟုဆိုရပေမည်။
Category: ပအိုဝ်း အလှအပရေးရာ | Views: 8643 | Added by: Tinygirl | Date: 2010-05-09 | Comments (0)

          ပအိုဝ်းအမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်ပြီး ယုဝတီ ပုံစံဟု ခေါ်သော ခေတ်သစ်ပုံစံကို ၁၉၆၆ ခုနှစ်လောက်တွင် တီထွင်ပေါ်ပေါက်ခဲ့ဖူးသည်။ ခေတ်သစ်ယုဝတီပုံစံတွင် အင်္ကျီအရောင်မှာ အနက်ပင်ဖြစ်၏။ သို့သော် ကိုယ်ရော လက်ရောရှည်ပြီး ရှပ်အကျီပုံစံနှင့် တူသယောင်ယောင် ရှိလေသည်။ ကြယ်သီးအဖြူများကို ရင်ကွဲ ရှေ့တည့်တည့်တွင် တပ်ဆင်ထား၏။ ထဘီမှာ အနက်ရောင်ပင် ဖြစ်လေသည်။ မိရိုးဖလာသင်တိုင်း၊ ထဘီများကိုသာ ၀တ်ဆင်ကြသဖြင့် ခေတ်သစ် ယုဝတီပုံစံသည် ခေတ်ဟောင်းရိုးရာပုံစံကို မထိုးဖောက်နိုင်ဘဲ တဖြည်းဖြည်းပျောက်ကွယ်သွား၏။
          အမျိုးသားများ၏ ၀တ်စားဆင်ယင်မှုမှာ ကွာခြားချက်မရှိသော်လည်း အမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှုမှာ မျိုးနွယ်အလိုက် အနည်းငယ် ကွာခြားမှုရှိလေသည်။ မိုင်ကိုင်မြို့နယ် ခေးအုံရွာရှိ ငွေတောင်သူခေါ် ပအိုဝ်းမျိုးနွယ်စုများရှိ၏။ ငွေတောင်သူ ပအိုဝ်းအမျိုးသမီးများ၏ ခေါင်းပေါ်တွင် ရစ်ပတ်ထားသော တဘက်(ခေါင်းပေါင်း)၏ အစွန်းနားတွင် ငွေထည်များကို ချိတ်ဆွဲထားလေသည်။ ငွေတောင်သူ ပအိုဝ်းအမျိုးသမီးများသည် ... Read more »
Category: ပအိုဝ်း အလှအပရေးရာ | Views: 8012 | Added by: Tinygirl | Date: 2010-05-09 | Comments (0)

ခေတ်သစ် ပအိုဝ်းမလေး         
ပအိုဝ်းမလေး

          ပအိုဝ်းအမျိုးသမီးများ၏ မျက်နှာလိမ်းခြယ်မှု အလှအပအတွက် အသုံးပြုမှုများမှာ မထူးခြားလှပေ။ ခြယ်သမှုအလှထက် သဘာဝအလှကိုသာ မက်မောကြဟန်တူသည်။ နှုတ်ခမ်းနီဆိုးဆေးနှင့် စနိုး(မိတ်ကပ်)လောက်သာ သုံး၏။ နှုတ်ခမ်းနီဆိုးဆေးဖြင့် ပါးအို့များ နီနေအောင် ဆိုးထားတတ်ကြသည်။ ပါးနီဆိုးခြင်းကို ပင်လုံ၊ လွိုင်လင်ဒေသ ပတ်ဝန်းကျင်ရှိ ပအိုဝ်းအမျိုးသမီးများသည် နှစ်ခြိုက်စွာ ပြုလုပ်ကြသည်။ အပျိုဖော်ဝင်စကပင် စတင်ကာ အမြဲမပြတ် ပါးနီဆိုးတတ်ကြသဖြင့် အသက်သုံးဆယ်နီးပါးတိုင် ပါးအို့များ နီနေတတ်လေသည်။
Category: ပအိုဝ်း အလှအပရေးရာ | Views: 9365 | Added by: Tinygirl | Date: 2010-05-09 | Comments (1)