Saturday, 2024-05-18, 11:36 PM | Welcome Guest | Registration | Login
Main » 2010 » May » 9 » ယုဝတီပုံစံ
4:16 PM
ယုဝတီပုံစံ
          ပအိုဝ်းအမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်ပြီး ယုဝတီ ပုံစံဟု ခေါ်သော ခေတ်သစ်ပုံစံကို ၁၉၆၆ ခုနှစ်လောက်တွင် တီထွင်ပေါ်ပေါက်ခဲ့ဖူးသည်။ ခေတ်သစ်ယုဝတီပုံစံတွင် အင်္ကျီအရောင်မှာ အနက်ပင်ဖြစ်၏။ သို့သော် ကိုယ်ရော လက်ရောရှည်ပြီး ရှပ်အကျီပုံစံနှင့် တူသယောင်ယောင် ရှိလေသည်။ ကြယ်သီးအဖြူများကို ရင်ကွဲ ရှေ့တည့်တည့်တွင် တပ်ဆင်ထား၏။ ထဘီမှာ အနက်ရောင်ပင် ဖြစ်လေသည်။ မိရိုးဖလာသင်တိုင်း၊ ထဘီများကိုသာ ၀တ်ဆင်ကြသဖြင့် ခေတ်သစ် ယုဝတီပုံစံသည် ခေတ်ဟောင်းရိုးရာပုံစံကို မထိုးဖောက်နိုင်ဘဲ တဖြည်းဖြည်းပျောက်ကွယ်သွား၏။
          အမျိုးသားများ၏ ၀တ်စားဆင်ယင်မှုမှာ ကွာခြားချက်မရှိသော်လည်း အမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှုမှာ မျိုးနွယ်အလိုက် အနည်းငယ် ကွာခြားမှုရှိလေသည်။ မိုင်ကိုင်မြို့နယ် ခေးအုံရွာရှိ ငွေတောင်သူခေါ် ပအိုဝ်းမျိုးနွယ်စုများရှိ၏။ ငွေတောင်သူ ပအိုဝ်းအမျိုးသမီးများ၏ ခေါင်းပေါ်တွင် ရစ်ပတ်ထားသော တဘက်(ခေါင်းပေါင်း)၏ အစွန်းနားတွင် ငွေထည်များကို ချိတ်ဆွဲထားလေသည်။ ငွေတောင်သူ ပအိုဝ်းအမျိုးသမီးများသည် အကျီလက်ရှည်မ၀တ်ဘဲ သီးခြားပြုလုပ်ထားသော လက်မောင်းစွပ်ကိုစွပ်ပြီး ကြိုးဖြင့် ချည်နှောင်ထားသည်။ လက်ဝတ်ရတနာများကိုလည်း ငွေများဖြင့်သာ ပြုလုပ်လေ့ရှိသည်။ ငွေတောင်သူများမှာ အမည်နှင့်လိုက်အောင် ငွေထည်များကိုသာ မက်မက်မောမော ဆင်ယင်သုံးစွဲကြလေသည်။
Category: ပအိုဝ်း အလှအပရေးရာ | Views: 8015 | Added by: Tinygirl | Rating: 0.0/0
Total comments: 0
Name *:
Email *:
Code *: