Monday, 2024-05-06, 9:27 AM | Welcome Guest | Registration | Login
Main » အခြားဝတ်စားဆင်ယင်မှု
          အမျိုးသားများသည် ညှပ်ဖိနပ်စီးသူနည်း၍ ဘွတ်ဖိနပ် ၊ ရှူးဖိနပ်များကိုသာ စီးကြလေသည်။ ပင်လုံမြို့နယ် စန်းသန်းတောင်တွင် နေထိုင်ကြသော ပအိုဝ်းအမျိုးသမီးအချို့မှာ ဘွတ်ဖိနပ်ကို စီးတတ်ကြသည်။ အမျိုးသားရော အမျိုးသမီးပါ မိမိတို့ စီးနင်းသော ဖိနပ်များအောက်တွင် သံဘုလုံးငယ်လေးများကို ရိုက်ထားတတ်ကြသည်။ ဖိနပ်တွင် သံဘုလုံးငယ်များ ရိုက်ထားခြင်းဖြင့် ဖိနပ်အောက်ခံသည် အလွယ်တကူမကုန်နိုင်ပေ။ ထို့ပြင် ရွံ့နွံထူထပ်သော တောင်ပေါ်ဒေသတွင် တစ်နေရာမှ တစ်နေရာသို့ သွားလာရန် အထူးကောင်းမွန်၏။ ချောမွတ်သော မြေပြင်တွင်လည်း သံချွန်များ ကုတ်တွယ်ထားသဖြင့် မချော်လဲနိုင်ပေ။
          ပအိုဝ်းတိုင်းရင်းသားတို့ စီးလေ့ရှိသော ခံဖာကရောက် ခေါ် သစ်သားခုံဖိနပ် တစ်မျိုးလည်း ရှိလေသည်။ ယင်းကို ချယ်ရီသားဖြင့် အများဆုံးပြုလုပ်လေ့ရှိ၏။ သစ်တုံးကို ထွင်းထုထားခြင်းဖြစ်ပြီး အမြင့်သုံးလက်မခန့် ရှိလေသည်။ ထိုခုံဖိနပ်သဲကြိုးကိုမူ မော်တော်ကားတာယ. တစ်မျိုးမျိုးကို သုံးကြ၏။ ဤဖိနပ်များအောက်တွင်လည်း သံဘုလုံးငယ်လေးများကို ရိုက်ထားတတ်ကြသည်။ ဤ ... Read more »
Category: အခြားဝတ်စားဆင်ယင်မှု | Views: 8859 | Added by: Tinygirl | Date: 2010-05-15 | Comments (0)