Sunday, 2024-05-19, 10:34 AM | Welcome Guest | Registration | Login
Main » 2010 » May » 4 » အလံတော်၏ အဓိပ်ပါယ်ဖွင့်ဆိုချက်
7:45 AM
အလံတော်၏ အဓိပ်ပါယ်ဖွင့်ဆိုချက်
po

Pa-O Flag



(က)ကြယ်၏ အဓိပ်ပါယ်ဖွင့်ဆိုချက်

          နိုင်ငံတိုင်း ၊ လူမျိုးတိုင်း အများစုသည် ကြယ်သင်္ကေတကို အများဆုံးအသုံးပြုလေ့ရှိကြောင်း တွေ့ရှိရပါသည်။ အလံများတွင် ကြယ်ဖြင့် အမှတ်အသားပြုကာ ဖော်ပြရခြင်းမှာ ကြယ်တို့မည်သည် လမ်းခရီးတွင် ရပ်တန့်ခြင်းမရှိ ၊ သွားမြဲခရီးကို အစွန့်ပစ်ခရီးစဉ်အတိုင်း နောက်တွန့်သည်မရှိဘဲ ရှေ့သို့သာ ဆက်ကာ ဆက်ကာ ခရီးနှင်လေ့ရှိခြင်း ၊ ကမ်ဘာဖြစ်တည်ခဲ့သည့် အချိန်မှစပြီး လွတ်လွတ်လပ်လပ် ကိုယ်ပိုင်သီးသန့် အလင်းရောင်ဖြင့် တည်ရှိခဲ့ခြင်း စသော ဂုဏ် ၊ အရည်အသွေးများရှိခြင်း ကြောင့်ပင် ဖြစ်သည်။


(ခ)အဖြူရောင် အဓိပ်ပါယ်ဖွင့်ဆိုချက်

          အဖြူရောင်သည် လမင်း၏အရောင်ဖြစ်ကာ အေးချမ်းမှုကို ဖြစ်စေသည်။ ဖြူစင်သန့်ရှင်းခြင်း ၊ ကျစ်လစ်သိပ်သည်းခြင်း ၊ သိမ်မွေ့နူးညံ့ခြင်း စသည့် အေးချမ်းသာယာ တည်ငြိမ်သော သဘောကိုဆောင်သည်။ စည်းကမ်းရှိသော ၊ စည်းစနစ်ရှိသော အစွမ်းရှိသည်။ ကျန်းမာရေးကို အထောက်အကူပြုသော သဘောကိုဆောင်သည်။ ဆေးရုံများတွင် လူနာကုတင် ၊ အိပ်ယာခင်း ၊ ခေါင်းအုံးစွပ် ၊ ခန်းစည်းနှင့် ဆရာဝန်ဝတ်စုံများသည် အဖြူရောင်ကိုသာ အသုံးပြုကြသည်။ အဖြူရောင်ကို မကျန်းမာသူ လူမမာ တွေ့လိုက်ရရုံဖြင့် စိတ်ချမ်းသာပြီး ရောဂါသက်သာစေပြီး သောက ၊ ဒုက်ခများ ပြေပျောက်စေသည်။ ခေါင်းအုံးစွပ်ဖြူဖြူဖြင့် အိပ်စက်လျှင် အိပ်မက်လိုလို မက်တတ်သည်။ အရောင်တောက်ပသော ခေါ်င်းအုံးစွပ်များနှင့် အိပ်စက်လျှင် အိပ်မက်များမက်တတ်သည်။

(ဂ)အနီရောင် အဓိပ်ပါယ်ဖွင့်ဆိုချက်
          အနီရောင်၏ အဓိပ်ပါယ်သည် ရဲရင့်ခြင်း ၊ သွက်လက်ဖျတ်လတ်ခြင်း ၊ ခြေမြန်လက်မြန်ရှိခြင်း ၊ ပြိုင်ဖက်အပေါ် အနိုင်ရလိုမှုစိတ်ဓါတ် ပြင်းထန်ခြင်း ၊ သူရဲကောင်းဆန်ခြင်း ၊ စိတ်ဓါတ်ကို တက်ကြွအောင် လှုံ့ဆော်ပေးခြင်း ၊ စိတ်ဓါတ်ပျော့ညံ့သူကို စိတ်ဓါတ်တက်ကြွစေခြင်း စသော သဘောများ ဆောင်သည်။ အားကစားသမားများ အနီရောက်ဝတ်စုံ ၀တ်ကစားလျှင် စွမ်းအင်များ အလိုလိုပြည့်ဝတိုးတက်ပြီး အနိုင်ရလိုစိတ် ပြင်းထန်တတ်ကြသည်။ အနီရောင်ကို ကြိုက်နှစ်သက်သော လူများသည် နိုးကြား တက်ကြွလှုပ်ရှားလိုသူ ၊ အတိုက်အခိုက် ၀ါသနာပါသူ ၊ ဆွဲဆောင် စည်းရုံးတတ်သူများ ဖြစ်တတ်ကြသည်။

(ဃ)အပြာရောင် အဓိပ်ပါယ်ဖွင့်ဆိုချက်
          အပြာရောင်၏ အဓိပ်ပါယ်သည် သိက်ခါရှိခြင်း ၊ ယုံကြည်စိတ်ချရခြင်း စသော အရည်အချင်းများရှိသည်။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုကို ဖြစ်စေပြီး စိတ်ပြေပျောက်မှုအသွင်ကို ဖန်တီးပေးနိုင်သည်။ အသက်ရှင်သန်မှုကို အားပေးနိုင်စွမ်းရှိသည်။ အောင်မြင်မှု ရလိုလျှင် အပြာရောင်ကို အသုံးပြုလေ့ရှိကြသည်။ တစ်နည်းအားဖြင့် အပြာရောင်သည် ခံစားထိခိုက်လွယ်သော ၊ အေးချမ်းစွာနေလိုသော ၊ ပျော်ရွှင်မှုကို မက်မောတတ်သော ၊ ခံစားမှုများကို ထိန်းချုပ်နိုင်သော သဘောလည်း ရှိသည်။ ထို့ကြောင့် အပြာရောင်ကို ကြိုက်နှစ်သက်သူများသည် နုညံ့ပျော့ပျောင်းသော နှလုံးသားရှိသူ ၊ သူတစ်ပါး၏ အကြင်နာကို ခံယူလိုသူ ၊ အကြင်နာထားတတ်သူ ဖြစ်သကဲ့သို့ မိခင်စိတ်ရှိသူ ၊ အပြစ်ကင်းကင်းနေလိုသူများလည်း ဖြစ်တတ်ကြသည်။

(င)အစိမ်းရောင် အဓိပ်ပါယ်ဖွင့်ဆိုချက်
          အစိမ်းရောင်၏ အဓိပ်ပါယ်သည် နုပျိုလန်းဆန်းခြင်း ၊ ပေါ့ပါးသွက်လက်ခြင်း ၊ ရွှင်ရွှင်လန်းလန်း ဖြစ်စေခြင်း ၊ အိုမင်းရင့်ရော်ခြင်းကို တိုက်ဖျက်ခြင်း သဘောရှိသည့်အပြင် ကတိတည်သော ၊ အကြင်နာ ကရုဏာတရား ကြီးမားသော ၊ သူတစ်ပါးကို ကူညီတတ်သော ၊ ချိုသာရည်မွန်သော သဘောများကို ဆောင်ပါသည်။ အစိမ်းရောင်သည် ကြည်လင်အေးချမ်းသော သဘောရှိသဖြင့် လယ်ကွင်းပြင်စိမ်းကို ကြည့်ရှုရခြင်းသည် ခြောက်သွေ့နေသော သဲပြင်ကို ကြည့်ရှုရခြင်းထက် စိတ်ချမ်းသာမှု ၊ အေးချမ်းသာယ်ာပျော်ရွှင်မှုကို ပိုဖြစ်စေသည်။ နိုင်ငံတကာဆေးရုံများ၏ လူနာခြုံစောင်များ၏ အရောင်မှာ အစိမ်းရောင်ကို အသုံးပြုလေ့ရှိကြသည်။ လေအေးပေးစက် တပ်ဆင်ထားသော အခန်းကို အနီရောင်ဆေး သုတ်ပေးခြင်းထက် အစိမ်းရောင်သုတ်ပေးခြင်းက အအေးဓါတ် ပိုစေနိုင်ပါသည်။ အစိမ်းရောင်ကို ကြိုက်နှစ်သက်သူသည် အပူအပင်မရှိ ၊ စိတ်ကူးယဉ်တတ်သူ ဖြစ်လေ့ရှိကြသည်။


Category: ပအိုဝ်းအလံတော် | Views: 8873 | Added by: Tinygirl | Rating: 0.0/0
Total comments: 0
Name *:
Email *:
Code *: