Sunday, 2024-05-19, 9:21 AM | Welcome Guest | Registration | Login
Main » 2010 » May » 15
         ပအိုဝ်းတိုင်းရင်းသားတို့သည် လက်မှုပညာ အနေဖြင့် နေ့စဉ်သုံးပစ္စည်းများကိုသာ ပြုလုပ်ကြသည်။ လယ်ယာခြံမြေသုံး ပစ္စည်းများကို ထုတ်လုပ်ခြင်း ၊ နွားလှည်း ပြုလုပ်ခြင်း ၊ အိမ်ဆောက်လုပ်ခြင်း ၊ အိမ်တွင်းသုံးဖြစ်သော တောင်း၊ ပလိုင်း ၊ ထရံများ ၊ မီးဖိုဆောင်သုံး မြေအိုး မြေခွက်များကို ဒေသရပ်ရွာအလိုက် ပြုလုပ်ကြသည်။ ဒေသသုံးအတွက်သာ အများအားဖြင့် ထုတ်လုပ်ကြ၏။ စီးပွားဖြစ် တင်ပို့ရောင်းချရန်အတွက် မလုပ်ကိုင်ကြပေ။
         ပအိုဝ်းတိုင်းရင်းသားတို့ လက်မှုပညာဖြစ်သည့် ပန်းထိမ်မှာလည်း အလွန်လက်ရာမြောက်လှသည်ကို တွေ့ရ၏။ ပန်းထိမ်ပညာကို ရှေးဘိုးဘေးစဉ်ဆက်ကပင် တတ်မြောက်ခဲ့ကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ ပန်းတိမ်လက်ရာကို ဆံထိုး ၊ နားတောင်း ၊ လက်စွပ် ၊ လက်ကောက် စသော လက်ဝတ်ရတနာများကို ကြည့်ခြင်းအားဖြင့် အကဲခတ်နိုင်သည်။ ဆံထိုး ၊ လက်ကောက် ၊ လက်စွပ်များပေါ်တွင် ဖော်ထားသည့် ပန်းခက် ပန်းလက်များ ၊ ဘုန်းတော်ကြီးကျောင်း ၊ ဘုရားတန်ဆောင်းတို့တွင် ပြုလုပ်ထားသည့် ပန်းခက် ပန်းလက်များကို အံ့ဘနန်း တွေ့မြင်နိုင်ပေသည်။
    ... Read more »
Category: လက်မှုပညာနှင့် ဗိသုကာပညာ | Views: 9981 | Added by: Tinygirl | Date: 2010-05-15 | Comments (0)

          အမျိုးသားများသည် ညှပ်ဖိနပ်စီးသူနည်း၍ ဘွတ်ဖိနပ် ၊ ရှူးဖိနပ်များကိုသာ စီးကြလေသည်။ ပင်လုံမြို့နယ် စန်းသန်းတောင်တွင် နေထိုင်ကြသော ပအိုဝ်းအမျိုးသမီးအချို့မှာ ဘွတ်ဖိနပ်ကို စီးတတ်ကြသည်။ အမျိုးသားရော အမျိုးသမီးပါ မိမိတို့ စီးနင်းသော ဖိနပ်များအောက်တွင် သံဘုလုံးငယ်လေးများကို ရိုက်ထားတတ်ကြသည်။ ဖိနပ်တွင် သံဘုလုံးငယ်များ ရိုက်ထားခြင်းဖြင့် ဖိနပ်အောက်ခံသည် အလွယ်တကူမကုန်နိုင်ပေ။ ထို့ပြင် ရွံ့နွံထူထပ်သော တောင်ပေါ်ဒေသတွင် တစ်နေရာမှ တစ်နေရာသို့ သွားလာရန် အထူးကောင်းမွန်၏။ ချောမွတ်သော မြေပြင်တွင်လည်း သံချွန်များ ကုတ်တွယ်ထားသဖြင့် မချော်လဲနိုင်ပေ။
          ပအိုဝ်းတိုင်းရင်းသားတို့ စီးလေ့ရှိသော ခံဖာကရောက် ခေါ် သစ်သားခုံဖိနပ် တစ်မျိုးလည်း ရှိလေသည်။ ယင်းကို ချယ်ရီသားဖြင့် အများဆုံးပြုလုပ်လေ့ရှိ၏။ သစ်တုံးကို ထွင်းထုထားခြင်းဖြစ်ပြီး အမြင့်သုံးလက်မခန့် ရှိလေသည်။ ထိုခုံဖိနပ်သဲကြိုးကိုမူ မော်တော်ကားတာယ. တစ်မျိုးမျိုးကို သုံးကြ၏။ ဤဖိနပ်များအောက်တွင်လည်း သံဘုလုံးငယ်လေးများကို ရိုက်ထားတတ်ကြသည်။ ဤ ... Read more »
Category: အခြားဝတ်စားဆင်ယင်မှု | Views: 8862 | Added by: Tinygirl | Date: 2010-05-15 | Comments (0)